အမ်ဘတ်ပေမရရင်၊ ဟာလန်းကို ပြောင်းလဲခေါ်ယူသွားမယ့် ရီးရဲလ် မက်ဒရစ်

ရီးရဲလ် မက်ဒရစ်အသင်းကတော့ ပီအက်စ်ဂျီ တိုက်စစ်မှူးလေး အမ်ဘတ်ပေကို ခေါ်ယူဖို့အတွက် လာမယ့် ဇန်နဝါရီမှာ နောက်‌ဆုံးအကြိမ်အဖြစ် ကြိုးပမ်းသွားတော့မှာ ဖြစ်ပါတယ်။ စပိန်မြို့တော်အသင်းကြီးဟာ ပြင်သစ် အသင်းခေါင်းဆောင်လေးကို မိုနာကိုအသင်းမှာကတည်းက ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ပြီး ခေါ်ယူနိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ ခေါ်ယူနိုင်ခဲ့ခြင်း မရှိသေးပါဘူး။

အမ်ဘတ်ပေရဲ့ ပြင်သစ်ကလပ်နဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၄ ဇွန်လမှာ သက်တမ်းကုန်ဆုံးလာမှာဖြစ်ပြီး၊ ကစားသမားဖြစ်သူကတော့ စာချုပ်သစ် ချုပ်ဆိုသွားဖို့ မစဉ်းစားထားဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ရီးရဲလ် မက်ဒရစ်အသင်းဟာ အမ်ဘတ်ပေကို လာမယ့် နွေရာသီမှာ အလွတ်နဲ့ ခေါ်ယူသွားနိုင်ရေး၊ ဆောင်းရာသီ ဈေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှု ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

သတင်းတွေအရ‌တော့ ရီးရဲလ် မက်ဒရစ်အသင်းဟာ အမ်ဘတ်ပေအတွက် စဉ်းစားချိန် ၁၅ ရက် ပေးသွားမှာ ဖြစ်ပြီး၊ ၁၅ ရက်ပြည့်ပါက သူ့ဆုံးဖြတ်ချက်ကို အသိပေးသွားရမှာ ဖြစ်ပါတယ်။ အကယ်၍သာ အမ်ဘတ်ပေနဲ့ သဘောတူညီမှု မရနိုင်တော့ဘူး ဆိုရင်တော့ ရီးရဲလ် မက်ဒရစ်တို့ဟာ ပလန်ဘီအနေနဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကိုပဲ ပြောင်းလဲ ခေါ်ယူသွားတော့မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *